1

Published on
Scene 1 (0s)

အဌမတန်း ( သင်ရိုးဟောင်း ) မဟော်သဓာဇာတ်တော်ကြီး Online Lecture Series- 1 မဟော်သဓာဖွားတော်မူခန်း

Scene 2 (38s)

မြတ်စွာဘုရားသခင်သည် မဟော်သဓာဇာတ်တော်ကို အဘယ့်ကြောင့် ဟော်ကြားတော်မူသနည်း။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဥ် ပညာပါရမီကို အကြောင်းပြု၍ ဤမဟော်သဓာ ဇာတ်တော်ကို ဟောကြားတော်မူပါသည်။

Scene 3 (3m 19s)

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်တွင် မြတ်စွာ ဘုရား၏ ပညာတော်ကို ချီးမွမ်းလျက် ရှိကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကြွတော်မူလာ၍ “ရဟန်းတို့ ယခုငါလာ တော်မူသောအခါ အဘယ်စကားဖြင့် သင်တို့ အစည်းအဝေး ဖြစ်ကြကုန်သနည်း” ဟု မေးတော်မူသည်။

Scene 4 (6m 33s)

ရဟန်းတို့လည်း “အရှင်ဘုရား ကိုယ်တော်၏ ပညာပါရမီ တော်ကို ချီးမွမ်းကြပါကုန်သည်” ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ယခုအခါ ငါဘုရားသည် သဗ္ဗညုတ ဉာဏ်တော်ကို ရရှိပြီး အထွတ်အမြတ်သို့ ရောက်ရှိပြီးဖြစ် သော်လည်း ပညာတော်ကိုချီးမွမ်းခြင်း၌အံ့ဩဖွယ်မဖြစ်သေး။

Scene 5 (9m 52s)

ရှေးပါရမီ မရင့်သေးမီဘဝကပင် အလွန်ပညာရှိ ဖူးသည် ဖြစ်ဟု မိန့်တော်မူပြီးလျှင် ဖလသမာပတ်ကို ဝင်စားတော် မူလျက်ရှိသည်။ ထိုအခါ ရဟန်းတို့သည် အတိတ်ဘ၀ ပညာ ရှိဖူးသည့်အကြောင်းကို လျှောက်ထား တောင်းပန်သောအခါ မဟော်သဓာဇာတ်တော်ကို ဟောတော်မူခြင်း ဖြစ်ပါသည်။

Scene 6 (14m 52s)

မဟော်သဓာဖွားတော်မူခန်း ဝေဒေဟအမည်ရှိသောမင်းသည် ဝိဒေဟရာဇ်တိုင်း မိတ္ထီလာပြည်၌မင်းပြု၏။ ဝေဒေဟအမည်တွင်ရခြင်းမှာ ဝိဒေဟေ ဣဿရော ဝေဒေဟောဟူသောဝိဂြိုလ်နှင့်အညီဝိဒေဟရာဇ်တိုင်းကိုအစိုးရသောကြောင့်ဖြစ်သည်။

Scene 7 (19m 52s)

ထိုမင်းကြီးအား ကောင်းမကောင်း ရာမရာကို ဆုံးမ ညွှန်ပြ တတ်သော မင်းအတိုင်ပင်အမတ်သုခမိန်လေးယောက်ရှိ၏။ ၁။ သေနက အမည်ရှိသောအမတ ် ၂။ မက္ကုသ အမည်ရှိသောအမတ ် ၃။ ကာမိန္ဒ အမည်ရှိသောအမတ ် ၄။ ဒေဝိန္ဒ အမည်ရှိသောအမတ ်

Scene 8 (24m 52s)

ဝိဒေဟရာဇ်မြို့မှ မနီးမဝေးလေးမျက်နှာအရပ်တို့တွင် ရွာကြီးလေးရွာရှိ၏။ ၁။ အရှေ့က ပါစီနယဝ မဇ္စျဂုံးရွာ ၂။ တောင်က ဒက္ခိဏယဝ မဇ္စျဂုံးရွာ ၃။ အနောက်က ပစ္ဆိမယဝ မဇ္စျဂုံးရွာ ၄။ မြောက်က ဥတ္တရယဝ မဇ္စျဂုံးရွာ

Scene 9 (29m 52s)

ရွာကြီးလေးရွာတို့တွင်မြို့မှအရှေ့မျက်နှာပါစီနယဝမဇ္ဈဂုံးရွာ၌ သီရိဝဎ္ဍနသူဌေးကြီးနှင့်သုမနဒေဝီသူဌေးမတို့သည်သူဌေးငယ်သူကြွယ်ဆွေမျိုးများစွာတို့နှင့်ပျော်ရွှင်စွာနေထိုင်ကြသည်။ ဘုရားလောင်းသည် တာဝတိံသာနတ်ပြည်မှ စုတေခဲ့၍ သုမနဒေဝီသူဌေးမဝမ်း၌ ပဋိသန္ဓေယူ၏။

Click to add text

Scene 10 (34m 52s)

ဘုရားလောင်းနတ်သားနှင့်တပေါင်းတဖော်တည်းဖြစ်သောနတ်သားတစ်ထောင်တို့သည်လည်းတာဝတိံသာနတ်ပြည်မှစုတေကြ၍သီရိဝဎ္ဍနသူဌေးကြီး၏အပေါင်းအဖော်ဆွေမျိုးစပ်သောသူဌေးငယ်တို့၏အိမ်၌အသီးသီးပဋိသန္ဓေယူကြကုန်၏။ ဘုရားလောင်းပဋိသန္ဓေယူသည်နှင့်တစ်ပြိုင်နက်

Scene 11 (39m 51s)

ဝိဒေဟရာဇ်မင်းကြီးသည်ညီလာခံရာ မြေအပြင်တွင် လေးထောင့်သော အရပ်တို့၌မြို့တံတိုင်းခန့်အမြင့်ရှိသော မီးပုံကြီးလေးပုံတို့သည် ထလတ်၍ တလျှပ်လျှပ်တထိန်ထိန် အရှိန်အဝါနှင့် တောက်ပကုန်၏။ ထိုမီးပုံကြီးလေးပုံတို့၏အလယ်၌ပင် ပိုးစုန်းကြူးခန့်

Scene 12 (44m 51s)

ပမာဏရှိသောမီးပုံငယ်သည် ထလတ်၍ အလျှံကဲမိုးသဖြင့် ထိုမီးပုံကြီးလေးခုကိုလွှမ်းလျက်အထက်ဗြဟ္မာတိုင်အောင်တက်၍ စကြာဝဠာတိုက်အလုံး၌ဖုံးကွယ်တတ်သော အမိုက်မှောင်ကို အရောင်အဝါဖြင့်ပျောက်စေ၍တည်၏။ ထိုမီးပုံငယ်သည်ကောင်းကင်၌ထွန်းလင်းပြီး၍မြေပြင်သို့

Scene 13 (49m 47s)

တစ်ဖန်ကျလတ်ပြန်သော်မုန်ညင်းသီးပမာဏခန့်သာထင်၍ နတ်ပြည်ခြောက်ထပ်၌ရှိကုန်သောနတ်ပရိတ်သတ် လူ့ပြည်၌ရှိကုန်သောလူပရိတ်သတ်အပေါင်းတို့သည် ထိုမီးပုံငယ်ကို ပန်းနံ့သာစသည်ဖြင့် ပူဇော်၍ ထိုသူတို့သည်မီးလျှံအတွင်း သွားလာကြကုန်သော်လည်း

Scene 14 (54m 47s)

မွေးတွင်းမျှပူရှိန်မရှိဘဲ ငြိမ်းချမ်းစွာလျှင်သွားလာကြကုန်၏ ဟူသောအိပ်မက်ကို မင်ကြီးမြင်မက်တော်မူ၏။